တော်လှန်ရေး သမားများ မဟုတ်တော့ပါ... နိုင်ငံရေးသမားများသာဖြစ်သင့်တော့ပါသည်။
မနေ့က လှည်းတန်းမှာဗုန်းပေါက်တယ်ဆိုတော့ ဒီပိုစ်လေးရေးဖို့စိတ်ကူးပေါက်လာတာပါ။ ကျွန်တော်တို့တိုင်းပြည်က ဒီမိုကရေစီစနစ်ကို အေးချမ်းစွာကူးပြောင်းဖို့ အားလုံးကြိုးစားနေကျတာပါ။ ဒီအချိန်မှာ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေမြင်ရတာ
လုံးဝကို အကျီးတန်ပါတယ်။ဘယ်အဖွဲ့ အစည်းကလုပ်လုပ်ဒီလိုအကြမ်းဖက်မှုမျိုးကို လက်မခံနိုင်ပါဘူး။ အစိုးရဆန့်ကျင်ချင်တာလေး တစ်ခုနဲ့ ပြည်သူတွေထိခိုက်ပါတယ်၊။
ကျွန်တော်တို့ ပြောင်းလဲရေးဟာ လစ်ဗျာလို Revolution မဟုတ်ပါဘူး၊ ငြင်သာစွာပြောင်းလဲရေး Evolution ပါ။ လစ်ဗျာမှာပြောင်းလဲတာဟာ ပြည်သူတွေ အများကြီး ထိခိုက်ပါတယ်၊နစ်နာပါတယ် ဒီမှာလဲအားလုံး မနစ်နာဘူး မထိခိုက်ဘူးတော့ မဟုတ်ပါဘူး
ထိခိုက်သင့် သလောက်ထိခိုက်ပါတယ် နစ်နာသင့်သလောက်အနစ်နာခံလာကျရတာပါ။ တကယ့်ကို ဒီမိုကရေစီလိုချင်တဲ့သူ မြတ်နိုးကျတဲ့သူတွေက နှစ်နှစ်ကျော် သည်းခံခဲ့ပါတယ်၊ အနစ်နာခံခဲ့ပါတယ်၊စိတ်ရှည်စွာ စောင့်စားခဲ့ကျရင်ဒီနေ့မှာ ဒီလိုအခြေအနေမျိုးရောက်လာနိုင်ခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်လွတ်လပ်ရေးရအောင်လုပ်မယ်၊မြန်မာပြည်ပြန်လယ်ထူထောင်ရေးလုပ်မယ်လို့ပြောခဲ့ပါတယ်၊ ခုချိန်မှာကျွန်တော်တို့က အာဏာရှင်စနစ်ကလွတ်မြောက်လာပါပြီ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းရမယ့် အချိန်ပါ။တော်လှန်နေရမယ့်
တော်လှန်ရေးသမားလုပ်ရမယ့်အချိန်မဟုတ်ပါဘူး စားပွဲဝိုင်းမှာထိုင်ပြီးဆွေးနွေးရမယ့် နိုင်ငံရေးသမားလုပ်ရမယ်အချိန်ပါ။ကဲအားလုံး မညီညွတ်လို့ တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် တိုင်းပြည်အာဏာကို တပ်မတော်မှပြန်လည်သိမ်းယူ
လိုက်ပါသည် ဆိုရင် အားလုံးသွားပြီ ကြိုးစားထားသမျှတွေအားလုံး သဲထဲရေသွန်သလိုဖြစ်ပြီ။တော်လှန်ရေးသမားဆိုပြီး ဆက်ပြီးမိုက်လုံးမကြီးကျပါနဲ့တော့ တိုင်းပြည်ပြန်လည်ထူထောင်ဖို့ သိက္ခာရှိတဲ့ နိုင်ငံရေးသမားများသာလုပ်ကျပါတော့။
ပြည်သူတွေ အမှီလိုက်နိုင်ဖို့အရေးကြီးတယ်
ဒါကတော့ နောက်ဆက်တွဲဖြစ်လာတဲ့ အတွေးပါ။
ဒီအပြောင်းအလဲတွေဖြစ်လာတဲ့ အချိန်မှာ ပြည်သူတွေကိုအမှီလိုက်နိုင်ဖို့ ကြိုးစားပေးကြဖို့ကအရေးကြီးတယ်။ပြည်သူတွေက အရင် နှစ်ပေါင်းများစွာအာဏာရှင်လက်အောက်နေခဲ့ရတော့ ခေါက်ရိုးတွေက ကျိုးနေပြီ ဒီကြားထဲ မရှိမဲ့ ရှိမဲ့ပါဝါလေးတွေ ပြခြင်နေကျတဲ့ လူမျိုးတွေကလည်း
လက်ကျန်လေးတွေရှိသေးတယ်။ဘာသူကိုကြောက်လို့ကြောက်ရမဲ့ မသိတဲ့ဘ၀ကလည်းမလွတ်သေးဘူးဖြစ်နေတယ်။ငါကဘယ်လူကြီးရဲ့ သားကွ ဘာကောင်ကွညာကောင်ကွတွေကိုလည်း ဂရုစိုက်နေရမှာမဟုတ်ဘူး။ဒါကိစ္စလေးပြီးပြတ်သွားခြင်ရင် အာတကေလေးထားခဲ့ပါ
ဆိုတာလည်းမရှိသင့်တော့ဘူး။ဒီဥစ္စာလေးက အဘကိုသွားကန်တော့ လိုက်ရင်ရပြီဆိုတာလည်းလက်မခံနေနဲ့တော့။အဲဒီလိုဟောက်စားတွေကို ကြောက်တတ်တဲ့ စိတ်ကလေးတွေရှိလို့ကတော့ ဘယ်တော့မှတိုင်းပြည်တိုးတတ်မှာ မဟုတ်ဘူး။ပြောမဲ့သာ ပြောရတာပါ ကိုယ်တိုင်ရုံး
တွေဘာတွေသွားရင်တောင် ကိုယ်ကိစ္စလေးမြန်မြန်ပြီးသွားအောင်ဘာညာလေးတွေကတော့ ရှိစမြဲပါပဲ။အဲဒီကိစ္စလေးတွေကိုရှင်းသင့်နေတာကြာပါပြီ။
Thursday, December 22, 2011
Monday, December 12, 2011
ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုကန့်ကွက်ကြောင်းစာတင်ထားသော်လည်း ယခုအချိန်ထိ မည်သို့မျှစီစဉ်ပေးခြင်းမရှိ
ကျွန်တော်တို့ နေထိုင်သော ငါးထပ်ကြီးအနောက်ရပ်ကွက် မှယခုတတ်လာသော အုပ်ချုပ်ရေးမှူးဦးညွန့်သောင်း ကို ကန့်ကွက်ကြောင်းကန့်ကွက်စာ ကို ရပ်ကွက်နေပြည်သူ ၃၀၀ လောက်က လက်မှတ်ရေးထိုးကာ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ပေးပို့ခဲ့ပါတယ်။ဒါပေမယ့် အဲဒီအုပ်ချုပ်ရေးမှူးက ခု၎လ
ကျော်ချိန်ထိ တာဝန်မှရပ်ဆဲ မခံရတတွေ့နေရပါတယ်။အဲဒီ အုပ်ချုပ်ရေးမှူးဟာပြည်ခိုင်ဖြိုးပါတီက ထောက်ခံမှူပေးထားကြောင်းလေပြောနေကျပါတယ်။ဒီကိစ္စကိုတော့ ကျွန်တော်သက်သေအထောက်အထားမရှိတဲ့ အတွက်ကျိန်းသေကြီးတော့ မပြောတတ်ဘူး။လုပ်တဲ့သူတွေက တော့
ကိုယ်အကြောင်းကိုယ်ပဲသိမှာပေါ့။ဒီကိစ္စကို ဟိုတလောက 7 Days News ဂျာနယ်မှာ ကျွန်တော်တို့ မဲဆန္ဒနယ်(၂)မှတိုင်းဒေသကြီး ဒေါက်တာဒေါ်ညိုညိုသင်းက တင်ပြထားတာကိုလဲတွေ့နေရပါတယ်။ကဲစဉ်းစားသာကြည့် ပြည်ခိုင်ဖြိုးနဲ့ ပတ်သပ်တယ် မပတ်သပ်ဘူး ဆိုတာကတော့
ကျွန်တော်နဲ့ မဆိုင်ပါဘူး။ကျွန်တော်နဲ့ ဆိုင်တဲ့ ကိစ္စကိုပဲပြောမယ် ရပ်ကွက်နေပြည်သူတွေကိုယ်တိုင် ဆန္ဒအလျှောက်လက်မှတ်ထိုးတိုင်တာဒါကိုဘယ်လိုမှဆောင်ရွက်ပေးခြင်းမရှိဘူး။ဒီကိစ္စဟာ ပြည်သူဆန္ဒကိုမလေးစားဘူးလို့ ဆိုလိုတာလား၊ကဲထပ်ပြောအုံးမယ် သူကရပ်ကွက်အုပ်ချုပ်
ရေးမှူး ခန့်စာတောင်တရားဝင် မရောက်သေးဘူး ရပ်ကွက်မှာရှိတဲ့သူတွေကို သူကရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီလို့ လျှောက်ပြောနေတယ်။ မယုံရင်ရပ်ကွက်ထဲက လူတွေကိုလိုက်မေးကြည့် ကျွန်တော်မဟုတ်တာမပြောဘူး။ကဲ စဉ်းစားကြည့် သူကတရားဝင်စာမထွက်ခင်ကတည်းက
သိနေတယ်ဆိုတော့ သူဒီအကြောင်းကဘယ်ကအရင်ကြားခဲ့ရသလဲ၊ခုချိန်ထိလွှတ်တော်ထဲမှာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအတွက်ဥပဒေကိုပဲ ကျွန်တော်တို့ရပ်ကွက်သူ ရပ်ကွက်သားတွေမျှော်ရမှာလား၊ဘာဆက်လုပ်ကြရမှာလဲ၊ခုလက်ရှိ အုပ်ချုပ်ရေးမှူးထက် အရင်အုပ်ချုပ်
ရေးမှူးဦးဇော်တင်ကို ကျွန်တော်တို့ ပိုသဘောကျကျတယ်၊ကျွန်တော်ဒီစာကိုရေးရတာ ကျွန်တော်တို့ တရပ်ကွက်ထဲမှာတင်မဟုတ်ပဲ ကျန်ရှိနေသေးသော ရပ်ကွက် ကျေးရွာတွေမှာလဲ ဒီလိုမျိုးဖြစ်ရပ်တွေရှိခဲ့ရင် ဖေါ်ထုတ်ကူညီပေးကြဖို့ အကြံပြုတာပါ။

Subscribe to:
Posts (Atom)