နေရာသည်ကာ
သကြားမင်းကြီးဦးမာဂ စိုးစံတော်မူလေသော တာဝတိံသာ နတ်ပြည်ပင်ဖြစ် တော့သည်။
သကြားမင်းကြီးမှာ ချစ်ဇနီးလေး သုဇတာနှင့်နှစ်ပါးကြည်နေခိုက် လက်ရုံးတော် ကြီးမာတလိ
ရေးကြီးသုတ်ပြာ ရောက်လာလေသည်။
“ အရှင်မင်းကြီး အရှင်မင်းကြီး ဒီမှာဒုက္ခတွေရောက်နေပြီဘုရား
ဒုက္ခတွေ ရောက်နေပြီ “
မာတလိမှာ
အပြေးနှင်၍ ဘိုးတော်သကြားကိုဆိုလေသည်။
“ ဟဲ့ မာတလိ ဘယ်လိုအကြောင်းတွေရှိလို့ အသည်းအသန်
ဖြစ်လာတာတုန်း”
“ ဒီမှာ
ဇိမ်ပျက်တယ် “
“
ကဲမင်းဟာက ဘယ်လောက်အရေးကြီးလို့တုန်း ခုမှတော့မထူးတော့ဘူး ပြောစရာရှိတာပြောလေတော့”
သကြားမင်းက
ပြောခွင့် ပါမစ်ပေးလိုက်တော့ မာတလိလည်း ထိန့်လန့်နေဟန်နဲ့
“
အရှင်မင်းကြီး ခု ဇိမ်ပျက်တာ ခဏပါဗျာ နောက်ဆို အဲဒီဇိမ်တောင် ခံရမှာ မဟုတ်တော့ဘူး”
“ ခု
လူပြည်ကရောက်လာတဲ့ နတ်ငယ်တွေက အရှင်မင်းကြီး တသက်လုံးကျောက်ဖျာ ပေါ်ထိုင်ပြီး
မဆင်းပေးချင်တဲ့ အာဏာရှင်ကြီးတဲ့”
“ တာဝတိ
ံသာကို ဒီမိုကရေစီတာဝတိံသာဖြစ်အောင်လုပ်မယ်ဆိုပြီး”
“
အရှင်မင်းကြီးနေရာကို လုယူဖို့ ပူညံပူညံတွေလုပ်နေကျပြီ “
“
ခုနတ်ပြည်က တချို့နတ်သားတွေတောင်သူတို့ဘက်ပါကုန်ကျပြီဘုရား”
“ အန်
ဘယ်လိုဖြစ်လို့ ငါက အာဏာရှင်ဖြစ်ရတာတုန်းကွ”
“ ဘယ်ကကောင်တွေက ငါ့နေရာလုဖို့ ကြံလာကျတာတုန်း”
“
ဒီလိုလုပ်လို့ ဘယ်ရမလဲ ငါနတ်စည်းစိမ်လေးတွေပါကုန်မှာပေါ့”
“
ဒီကောင်တွေတော့ကွာ ငါလုပ်လိုက်ရ နတ်သက်တော့ကြွေတော့မယ်”
သကြားမင်းကြီးဒေါ
ပွပွနဲ့ပြောလေပြီ ဟုတ်တယ်လေသူနေရာကို လုမယ့်သူတွေက ပေါ်လာတာကို
နေရာပေးလိုက်ရတာထားအုန်း သူချစ်ချစ်တွေ သူနတ်စည်းစိမ်တွေပါ မတော်ပါသွားရင်
သူမှာနတ်ဖြစ်ရတဲ့ ဒုက္ခဖြစ်မှာကို။
“ အား
အရှင်ကလည်း ဒီလိုလုပ်လို့ရဘူးလေး သူတို့ကိုသွားပြီသတ်လိုက်ရင် အရှင်မင်းကြီး
တခြားနတ်ပြည်တွေ မှာ နာမည်ပျက်သွားမှာပေါ့ “
“
အရှင်စည်းစိမ်ကို လာထိလို့ နတ်တွေကို လိုက်သတ်နေတယ်ဆိုပြီး”
“နောက်ပြီး
ခုလုပ်နေတဲ့ကောင်တွေကလည်း လူပြည့်မှာ ၈၈ တုန်းက မာလက ဇန်ကြွပြီးရောက်လာတဲ့
ကျောင်းသားတွေ”
မာတလိက
စိတ်ထိန်းရန်တားတော့မှ ဘိုးတော်ကြီးကလည်း
“ အင်း
ဒီကောင်တွေ တော်တော်လျှာရှည်တဲ့ကောင်တွေ လူပြည်တုန်းက အဲလိုလိုက်လုပ်လို့
ကြွပြီးဒီရောက်လာတာ ဒီကလည်းပြန်ကြွအောင်လုပ်ပေးလိုက်ရ မကောင်းရှိတော့မယ်”
“အင်
အရှင်ကလည်းပြောလည်းပြောချင်စရာကို နတ်ပြည်ရောက်ထဲကဒီနေရာမှာပဲထိုင်နေ တာကို”
မာတလိကလျှောက်ထားသည်ကို
သကြားမင်းကဒေါပွပြီး
“
ဟေ့ကောင်မင်းက ပါဟိုကောင်တွေဘက်ပါနေပြီလာ ငါလုပ်လိုက်ရ ခုရထားတဲ့ ရာထူးလေးပါ
ပျောက်သွားမယ်ဘာမှတ်လည်း”
“ဟဟ အဲလိုတော့
မလုပ်ပါနဲ့ မင်းကြီးရယ် ကျွန်တော်မျိုးလည်း အရှင်မင်းကြီးသတိထားရ ပြောတာပါ”
မာတလိသူနေရာလေးပျောက်သွားမှာ
စိုးရိမ်၍ တောင်းတောင်းပန်ပန်လေးလျှောက်လေသည်။
ဟုတ်တယ်လေ
သူမလည်း သကြားမင်းနားကပ်ပြီးနာမည်လေး ယူထားရတာကို။
“
အိန်ဒီကောင်တွေ ကလည်းလူပြည်က ဗီဇလေးပါလာတာကို ရှိစေတော့ “
“
ဒီမယ်မာတလိ ငါနေရာကို တခြားသူပေးလို့တော့ မဖြစ်ဘူးဒီကောင်တွေလည်း ကျေနပ်သွား အောင်
တခုခုတော့လုပ်မှဖြစ်တော့မယ် “
“ အရှင်ကဘယ်လိုအစီအစဉ်တွေရှိလို့လဲ”
မာတလိ
မျက်လုံးလေးပေကလပ် ပေကလပ်နဲ့မေးလေပြီ
“
အော်မင်းက တော်တော်ညံတာကိုကွ ဟေ့ကောင်မှတ်ထား မင်းတို့ထက်ဥာဏ်ကောင်းလို့ ဒီနေရာမှာ
နေတာကွ”
“ သူတို့တောင်းတဲ့ ဒီမိုကရေစီတော့ပေးရမယ်
ဒါပေမယ့် ငါကတော့ဒီနေရာကနေတော့ မဖယ်နိုင်ဘူး “
သကြားလည်း
ဆရာကြီးလေသံနဲ့ဟစ်လေပြီ။
မာတလိလည်းနဝေတိမ်တောင်လေး
နားထောင်ရင်း
“
ဒီလိုကွ မာတလိက မင်းသေချာမှတ်ထား ဒီမိုကရေစီဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေလည်း ရှိအုံးမှ နောက်ပြီး ရွေးကောက်ပွဲလည်းလုပ်ရအုန်းမယ်”
“အဲမှာ
ဥပဒေမှာ ငါအသာရအောင်ရေးထားမယ် ပြီးရင် မနိုင်နိုင်တဲ့ နည်းနဲ့ငါရွေးကောက်ပွဲ
မှာပြိုင်လိုက် ကိစ္စပြတ်ရော “
“
ပြီးရင်ပိုကြိမ်းသေသွားအောင် နတ်လွှတ်တော်ထဲမှာ ငါရဲ့နောက်လိုက် နတ်သားနတ်သမီး
များများထည့်ထား ဟိုဘက်ကိုတော့ ကျေနပ်အောင် ၁ ရောက်စ နှစ်ရောက်စလောက်ထည့်လိုက်ပေါ့
ကွာ”
သကြားမင်းပြောသော
စကားများကို နားထောင်ရင် မာတလိ အနည်းငယ်သဘောပေါက်လာ လေးတော့ ပြုံးရင်
“
ဒီလိုဆို ကျွန်တော်မျိုးကော်ဘာဆက်လုပ်ပေးရမလဲ အရှင်ကြီး Ok ရင် ကျွန်တော်မျိုးကိုလည်း
မမေ့နဲ့နော်လို့ “ ပြောလေသည်။
ဒီတော့သကြားကလည်း
“
စိတ်ချပါကွာ မင်းကငါရဲ့ တပည့်အရင်းကြီးပဲကွ”
“ ကဲကဲ
ငါပြောသလိုသာလိုက်မှတ်ပြီး မင်းနတ်ပြည်တခွင် လိုက်ကြေငြာကွာ”
“ဟုတ်ကဲ
အရှင်အရှင်ပြောသလို တစ်ခုမကျန်လိုက်လုပ်ပါ့မယ် ဒါပေမယ်ကျွန်တော်မျိုးကိုတော့ မမေ့နဲ့နော်
“
“ ကဲကဲ
မမေ့ပါဘူးကွာ ငါပြောသလိုသာလိုက်လုပ်ခြေ”
“စမှတ်တော့”
ခုအချိန် အခါတွက်လူပြည်ရှိနိုင်ငံအသီးသီးတွင်
ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကျသည် သို့အတွက်ကြောင့် ကျွန်ုပ်တို့ တာဝတိံ
သာတွင်လည်း တချို့သော နတ်သားနတ်သမီး တို့ကလည်း ထိုစနစ်ကို အလိုရှိတော်မူနေကျသည်။
ထို့အတွက်ကြောင့် ကျွန်ုပ်တို့လည်း ပြောင်းလဲရင်အတွက်
အောက်ပါအစီအစဉ်အတိုင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း အသိပေးအပ်သည်။
(၁)တာဝတိံသာတွင် ရှိသော နတ်လွှတ်တော်သက်တမ်းမှာ
နတ်သက် ၄ အင်္သချေဖြစ်စေရ မည်။
ထိုအချိန်တွင်
မာတလိက
“
အရှင်မင်းကြီးဒီလောက်အကြာကြီးတို့ မလုပ်နဲ့လေ နတ်ကြားမကောင်းသူကြားမကောင်းဖြစ်
တော့မယ်”
“ဟေ့ကောင်မာတလိ
လျှာမရှည်နဲ့ ခဏလေးဆို ငါနောက်တစ်ခါဒီလိုနိုင်အောင်မလုပ်နိုင်ရင် ပါကုန်မှာပေါ့
ငါတုန်းရဲ့ “
“
ဘာလဲမင်းက ငါ့ကို ပြန်ပြောတာလား ဘာလဲ မင်းလဲဂျောင်းသွားချင်လား”
ဒီတော့မှမာတလိလည်း
ကြောက်ကြောက်နဲ့
“မလုပ်ပါနဲ့
အရှင်ရယ် အရှင်ခိုင်းတဲ့အတိုင်း လိုက်မှတ်ပါ့မယ်”
“အိန်
ဒီလိုမှပေါ့ ….ကဲကဲ ထက်မှတ်ထား ထက်မှတ်ထား”
(၂)
သကြားမင်းကြီးကို ပြန်ပြောထားသောသူများ အတိုက်အခံလုပ်တတ်သူများ ၀င်ရောက်ယှဉ်
ချင်းမလုပ်ရ။
(၃)
အခြားသော နတ်ပြည်များနဲ့ အဆက်အသွယ်ရှိသူများ ၀င်မပြိုင်ရ။
(၄)
မနက်ဖြန်တွင် ရွေးကောက်ပွဲပြုလုပ်မည်။
“အရှင်ဟာကမမြန်လွန်းဘူးလား”
မာတလိကြောင်တောင်တောင်ပုံဆန်မျိုးနဲ့
မေးလေတော့
သူကြားမင်းက
အောင်မြင်သော အပြုံးနှင့်
“
ဒီလိုမြန်လိုက်မှ သူတို့အတွက်ပြင်ဆင်ချိန်မရှိမှာပေါ့ကွ“
ဒီလိုနဲ့
သကြားမင်းကြီးက သူအပိုင်အကွက်များ ကို တခုပြီးတခု နင်းရင်းမာတလိကို
လိုက်မှတ်ခိုင်းလေးသည်။ အားလုံးသူစိတ်ကြိုက်မှတ်ခိုင်းပြီးနောက်
“ကဲ
မာတလိ ငါစောနကပြောတဲ့ အရာများကို တာဝတိံသာတစ်ခုလုံးကို နတ်ယဉ်ပျံနဲ့ အမြန်ဆုံး
လိုက်ကြေငြာစမ်း ဒီကိစ္စ မြန်မြန်ပြီးမှ ငါလည်း စိတ်အေးရမှာ”
“ဟုတ်ကဲ့
ကျွန်ုတော်မျိုးလည်း ခုအမြန်ဆုံး လုပ်ပါ့မယ် “ ဟုဆိုကာ အမြန်ဆုံးထွက်ခွာ
သွားလေးသည်။
မာတလိလည်း သူမင်းကြီးမှာသည့် အတိုင်း
တာဝတိံသာ တခွင်လိုက်လံကြေငြာလေ သည်။သည့်နောက် သကြားမင်းကြီးနတ်နန်းဆောင်သို့
ပြန်ရောက်လာလေသည်။
သကြားမင်းကလည်း
သူတပည့်ကျော်ကိုတွေ့ လေတော့
“ ကဲ
မာတလိဘယ်လိုလည်း ငါပြောတဲ့အတိုင်း လုပ်တာ အိုကေမှာဆိုပြေရဲ့လား”
မာတလိကလေးအိသော
အသံဖြင့်
“
ပြေတော့ပြေပါတယ် ဒါပေမယ်”
“ဟဲ့မာတလိ
ဒါပေမယ့် ဘာဖြစ်တုန်းငါကိုပြေစမ်း”
မာတလိလည်း
“အရှင်မင်းကြီးကြေငြာခိုင်းတာတွေ
လိုက်ကြေငြာတော့ လမ်းမှာ ဟိုကောင်တွေနဲ့တွေ့တော့ ဘာပြောတယ်မှတ်လည်း အရှင်ကြီး
လုပ်တဲ့ရွေးကောက်ပွဲက အင်ကြီးတဲ့ အရှင်ကြီးဘာသာ ဒီနေရာမှာ နေဖို့ ဂွင်ဆင်ထားတာတဲ့
“
“
အော်ဒါကတော့ သူတို့ဘာသာသူတို့ ဘာပြောပြော တခြားနတ်ပြည်တွေ အမြင်လှဖို့ နဲ့
ဒီနတ်ပြည်က နတ်တချို့ ကျေနပ်သွားပြီးတာပဲ သူတို့ဘာပြောပြော အကြားချင်ရောင်
သာဆောင်ထားလိုက်”
“ ကဲကဲ
မင်းလည်းပင်ပန်းနေပြီး မနက်ဖြန်ရွေးကောက်ပွဲ အတွက်အားမွေးထားလိုက် သွားနားတော”့
သူကြားမင်းကြီးလည်း
ဂရုမစိုက်သလိုပုံဆန်းမျိုးနဲ့ ပြောလေသည်။မာတလိလည်း သက်ပျင်းအရှည်ကြီးချကာ
ခေါင်းငိုက်စိုက်ထွက်သွားလေသည်။
နောက်နေ့တွင်
သကြားမင်းကြီးရဲ့ တာဝတိံသာ ရွေးကောက်ပွဲကြီးစတင်လေပြီ ။နတ်တွေမဲရုံ မှာ
မဲတွေပေးကြပြီ။ညနေစောင်း အချိန်ရောက်တော့ မာတလိ အထိတ်တလန့် ရေးကြီးသုတ်ပြာ
အပြေးရောက်လာသည်။
“
အရှင်မင်းကြီးကျွိင်တတ်ပြီ ဘုရား ကျွိင်တတ်ပြီ”
“ဟဲ
မာတလိဘာတတ်တာတုန်း မင်းကလည်းရောက်လာရင် အထိတ်တလန့် နဲ့ ပြောစမ်းဘာဖြစ်တာတုန်း”
“
အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဒီလောက်အပိုင်ကြံထားတာကို ခုမဲရေတာ
ဟိုကောင်တွေဘက် ကနည်းနည်းသာနေပြီ “
“အဲဒါဘယ်လိုရှင်းရလည်း
ကိုယ်ကျိုးတော့နည်းပြီးနဲ့ တူတယ်”
မာတလိမျက်ရည်
စက်လက်နဲ့ ပြောလေသည်။ဒီတော့ သကြားမင်းလည်း အသာလေးပြုံး လျှက်လက်ကလေးထောင်ပြကာ
“စိတ်မပူလေနဲ့
ငါတပည့် ဒါတွေကိုငါကြိုသိလို့ စီစဉ်ပြီးသားပါ “
“ဒီမှာတွေ့လား
“
နတ်နန်း
အနောက်နားသို့ လက်ညိုးထိုးလျှက်ပြလိုက်လေသည်။
“ဒါတွေကမဲလက်မှတ်တွေမဟုတ်လား
ဒီကိုဘယ်လိုရောက်နေတာပါ့လိမ့်”
မာတလိအံသြစွာ
မေးလေသည်။
“
ဒါတွေကို ကြိုတင်မဲတွေလို့ခေါ်တယ်ကွ မှတ်ထား”
“အားမင်းကြီးက
လည်းနတ်ပြည်မှာ နတ်သားတွေအားလုံးသွားနိုင်လာနိုင်တာပဲ အားလုံးမဲရုံမှာ မဲလာပေးတာပဲ
လူပြည်လိုဘယ်မှာကြိုတင်မဲရှိလို့လည်း”
မာတလိရဲ့အမေးကို
သကြားမင်းကလည်း
“ဒီမယ်မာတလိ
ဒီမဲတွေကို ဘယ်သူတွေပေးတာလဲဆိုတော့ နတ်ပြည်မှာ တုန်းက နတ်သက်မကြွေခင်
ငါ့ကိုထောက်ခံတဲ့သူတွေနဲ့ လူပြည့်မှာရှိနေတုန်း ငါကို သကြားမင်း
ကြီးကျန်းမာပါစေလို့ မေတ္တာပို့ ပေးနေတဲ့သူတွေရဲ့မဲတွေလို့ပြောပြီးမဲရုံကို
အမြန်ပြန် သွားထား ပေတော့”
“အရှင်မင်းကြီး
ဟာကကြားမကောင်းပါဘူး စုတေပြီးသားနတ်ရဲ့မဲတောင်ပါသေး နောက်ပြီး နတ်ပြည်မရောက်သေးတဲ့
သူတွေရဲ့မဲကပါသေး “
“ပြီးတော့
နတ်ကော်မရှင်က လက်ခံပါ့မလားစဉ်းစားကြည့်အုံး”
မာတလိလည်း
စိတ်ပေါက်ပေါက်နှင့်ပြောလေပြီ
“ဟားဟား
မင်းသေချာစဉ်းစားပါအုံးကွ နတ်ကော်မရှင်က ငါချစ်ချစ် သုဇိတာလေကွာ
ငါမဲကိုသူလက်မခံပဲနေမလား တခုခုဆိုသူပါ ဘုံပျောက်သွားမှာပေါ့”
သကြားမင်းကြီးလည်း
အောင်နိုင်ပြုံးလေးပြုံးပြီးပြောလေတော့မှ မာတလိလည်း ၀မ်းသာအားရ မဲအိပ်များထမ်း၍
အပြင်းနှင်လေပြီ။
ထို့
နောက် ဦးမာဂ က နတ်သမ္မတ မာတလိက ခုနတ်သမ္မတအဖြစ်နှင့် ပြည်ထောင်စုသမ္မတ တာဝတိံသာနိုင်ငံတော်တည်လေသည်။မည်သို့ပင်ရှိစေကာမူ ဦးမာဂ က ကိုယ်နည်းကိုယ်ဟန်ဒီမိုကရေစီလုပ်လေ သည်။