MRTV4
ပရိသတ်များခင်ဗျာ(အဲ ယောင်လို့) မောင်နစ်ကီရဲ့ ဘလော့ပရိသတ်များ မင်္ဂလာပါ ခင်ဗျာ….
ခုတင်ဆက်မဲ့ အစီအစဉ်လေးကတော့ MRTV 4 မှာမပါတဲ့ ရန်ကုန်
မြင်ကွင်းလေးတွေကိုတင်ဆက်မှာပါခင်ဗျာ….MRTV4 ကလာတဲ့ရန်ကုန်မြင်ကွင်းကျယ်
အစီအစဉ်လေးကိုအားကျလို့ ကျွန်တော် မောင်နစ်ကီလည်း အတုခိုးလိုက်တာပါ။ဟဲဟဲ
ကားသစ်ပါမစ်တွေချ
လိုင်းကားတွေကကျပ်
ခုတင်ဆကမဲ့အကြောင်းအရာလေးကတော့
ကားသစ်ပါမစ်တွေချ လိုင်းကားတွေက ကျပ် ဖြစ်ပါတယ်။
ခုအစိုးရသစ်တတ်လာပြီးနောက်မှာတော့ နှစ်၄၀သက်တမ်းရှိတော့ကား တွေကို ကားသစ်တွေနဲ့
လဲပေးတယ်ဆိုတဲ့အကြောင်းအားလုံးသိပြီးသားဖြစ်မှာပါခင်ဗျာ။ ကားဟောင်းတွေဈေးကောင်း
လာတော့ ထောသွားတဲ့သူတွေက ထောသွားကျပါပြီခင်ဗျာ။ ကားဟောင်းလက်ဝယ်ရှိပဲ
နောက်ကားဝယ်ဖို့ အခွန်သွင်းဖို့ ငွေမလိုက်နိုင်တဲ့သူတွေတော့ကား ဟောင်း တွေပြန်ရောင်းပေါ့
အဲမှာ နဂိုကချမ်းသာပြီးသားသူတွေကတော့ ကားသစ် ကလေးတွ နဲ့ ပျော်နေနိုင်ပြီပေါ့ ဗျာ။
မောင်နစ်ကီတို့လိုလူမျိုးကျတော့ လိုင်းကားလေးနဲ့ပဲဒိုးနေရတာ ပေါ့။ အဲလို
ကိုယ်ပိုင်ကား မ၀ယ်နိုင်လို့ လိုင်းကားတိုးစီးရတဲ့သူတွေ ကျတော့သမ္မတကြီးဘယ် လိုစီစဉ်ပေးမယ်ဆိုတာ
မျှော်နေတာပေါ့ဗျာ။ လှိုင်သာယာ ဘက်တို့ ရွှေပြည်သာဘက်တို့ သွားတဲ့ ဒိုင်နာကားတွေ
ကိုမြင် စေချင်လိုက်ပါဘိ ကားတစ်စီးကို ၀ိုင်းတွယ်ပြီးစီနေကျတာ အန္တရယ်လည်း
အရမ်းများပါတယ် အထူးကားဆိုတာကြီးတွေကလည်း ပိုက်ဆံပိုပေးနေရ တာ ကလွဲလို့ ဘာမှကို
မထူးခြားပါဘူး။ အဲလိုဖြစ်နေတာတွေကို အကြံပေးပုဂ္ဂိုလ်ကြီးတွေက ဘယ် လိုအကြံလေး
တွေပေးပြီးဖြေရှင်းပေးမယ် ဆိုတာလေးတွေကို မျှော်လင့်နေကျပါတယ် ခင်ဗျာ…
ခေတ်မှီဖွံ့ဖြိုးတိုးတတ်သော နိုင်ငံတော်သစ်ကြီးဆီသို့ ဆိုတာ ဘ(စ်)ကား
တိုးတတ်ရတာတော့ မဖြစ်ပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ….
ဆင်းရဲခြင်းလွတ်ကင်းအောင်
ခုတင်ဆက်မဲ့
အစီအစဉ်လေးကတော့ဆင်းရဲခြင်းလွတ်ကင်းအောင်ဆိုတဲ့ အကြောင်းလေးပါပဲ ခင်ဗျာ့။
ခုတလောဆင်းရဲမှုပပျောက်ရေးဆိုပြီး အလုပ်ရုံဆွေးနွေးပွဲတွေ လမ်းစဉ်တွေချမှတ်ပြီး
အကောင်အထည်ဖေါ်နေတာကို သတင်းစာထဲမှာ ဂျာနယ်တွေထဲမှာ တွေ့ရတော့မောင်နစ်ကီ လည်း
မစားရပဲ အားရနေကြောင်းပါခင်ဗျာ။ ဒါပေမယ်တစ်ခုတော့ ဟုတ်သေးဘူးနဲ့တူတယ် ကျေးလက်ဒေသဆင်းရဲမှူပပျောက်ရေးဆိုတော့
မြို့မှာနေပြီးထမင်းငတ်နေတဲ့ သူတွေကျတော့ ပါဘူးလားသိဘူး.. ။ကဲကဲ
ရှိစေတော့ရှိစေတော့ တောမှာနေနေ မြို့မှာနေနေ ကိုယ်လူမျိုးတွေ
သူများကောင်းစားတာကိုမုဒိတာထားပေါ့။ နောက်ပြီး ငွေစု ငွေချေးတွေဆိုပြီးလုပ်ပေး
ကျပါတယ်။ပါတီတွေကော ဘာတွေကောကပေါ့နော် အဲဒီချေးငွေလေးယူပြီး နှစ်လုံးလေးထိုးလိုက်
သုံးလုံးလေးအားပေးလိုက် ဘောပွဲလေးလုပ်လိုက်နဲ့ဆိုတော့ ဒုံရင်းက
ဒုံရင်းဖြစ်နေတာပေါ့။ အဲဒီငွေတွေကို အကျိုးရှိအောင်သုံးဖို့ ခုလိုလုပ်ငန်းမျိုးက
ဘာအတွက်လုပ်တာဆိုတာလေးတွေကို ပြည်သူတွေသိအောင်ပညာပေးတာလေးတွေ ပေါင်းလုပ်ပေးရင်ပိုကောင်းပေါ့
နော့…နောက်ပြီးနှစ်လုံးသုံးလုံး မထိုးအောင်လည်း ပညာပေး ပေါ့
ဒိုင်တွေကိုလဲဖမ်းသင့်ဖမ်းပေါ့။အဲ ဒိုင်တွေကိုဖဖ်းတော့ ပါမွှားလက်ခွဲ
ဒိုင်လေးတွေကိုပဲ ဟုတ်ဘူးနော် ဒိုင်ချုပ်တွေကိုဖမ်းရမှာ ဒိုင်ကြီးတွေကျတော့
ဖမ်းတာမတွေ့ လို့ပြောရတာပါ။
မြန်မာလူမျိုးတွေက
နှစ်အဆက်ဆက် စနစ်ဆိုးအောက်မှာ နေခဲ့ရပြီ အကြွေးဆိုလို့ကတော့
ဆင်တောင်ဝယ်မဲ့လူမျိုးတွေ ဖြစ်နေပြီ ဘာရယ်မသိဟိုက ပိုက်ဆံချေးပြီဆိုတာနဲ့
တန်းပြေးတော့တာပဲ။ အော်သူတို့လည်းသူတို့ စားဝတ်နေရေးက ရှိသေးတာကို
ရှိစေတော့ရှိစေတာ့……..
ယုံကြည်ချက်နဲ့ အကျဉ်းသားများ လွှတ်ပေးခဲ့တဲ့
အကြောင်း
သတင်းကျွတ်လပြည့်နေ့က
နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးလိုက်တဲ့ အကြောင်းက ရန်ကုန်မှာ Top
ဖြစ်သွားခဲ့တယ်ခင်ဗျာ။ လူရွှင်တော် ဇာဂနာ တို့ စုစုနွေးတို့ပါလာတော့
အားလုံးပျော်ကျပေါ့ဗျာ။ အဲကျန်ခဲ့တဲ့သူတွေရဲ့ ဂယက်ကလည်းရိုက်သေးဗျာ။ ကြားဖြတ်တင်ဆက်မှလေးကတော့
အကြီးအကျယ်မင်္ဂလာဆောင် တုန်းက ဂျာနယ်တွေမှာ ပလူပျံနေတဲ့ ပြေတီဦး နဲ့
အိန္ဒြာကျော်ဇင် ကလေးမွေးတဲ့ သတင်းထက် ကိုဇာဂနာအကြောင်း တွေက နေရာဝင်ယူထားတာကိုလည်း
တွေ့နေရတယ်ခင်ဗျာ။ ဒီတချက်တော့ ဇာဂနာ ပြေတီဦးကို ကျော်တတ်သွားပြီခင်ဗျာ။ လွတ်ငြိမ်းချမ်းသာခွင့်
ပေးတဲ့သူတွေကကျန်းမာရေး မကောင်းတဲ့သူတွေ စာရိတ္တ ကောင်းမွန် သူတွေဆိုတော့
ကျန်ခဲ့တဲ့သူတွေက ကျန်းမာရေးက ဒေါင်ဒေါင်မြည် ပြီး စာရိတ္တမကောင်းတဲ့
သူတွေလားဆိုတာတော့ စဉ်းစားစရာလေးတွေဖြစ် လာတာပေါ့ဗျာ။ ကျန်တဲ့သူတွေကို
ထပ်လွှတ်ပေးဖို့ လွှတ်တော်မှာတင်ပြမယ်သူတွေဘာ တွေလည်းရှိနေတာကိုတွေ့နေရတယ်ခင်ဗျ။သတင်းကျွတ်လပြည့်နေ့မှာ
သမ္မတကြီးလုပ်တဲ့ ဇ၀ိတဒါန ကုသိုလ်အတွက်တော့ သာဓုခေါ်ထိုက်ပါတယ်ဗျာ.. သာဓု.. သာဓု
နှစ်ကြိမ်ပဲတော်ပြီ နောက်တစ်ခါကို အကုန်လွှတ်ပေးမှခေါ်မယ် ဒါပဲ………..
စတုထ္ထမဏ္ဍိုင်ကြီး
ခုတလော
ဂျာနယ်တွေထဲမှာ စတုထ္ထမဏ္ဍိုင်အကြောင်းတွေကို ပလူပျံအောင်တွေ့နေရတယ်
ခင်ဗျာ..ခုမှပဲလွတ်လွတ်လပ်လပ်အော်ရတယ် ဆိုတော့ ရေးကျပြီပေါ့။လွတ်လပ်စွာရေးသား
ပြောဆိုခွင့်ဆိုပြီး စာပေစီစစ်မှာ ဆင်ဆာတင်နေရတာကျတော့မြင်နေရတာ တမျိုးဖြစ်နေတယ်
ခင်ဗျာ့။ မင်းတုန်းမင်း ခေတ်တုန်းကတော့ ငါမကောင်းငါ့အကြောင်းရေးဆိုပြီး
စာထဲငယ်ငယ်က သင်ရဘူးပါတယ်ဗျ။ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းကတော့ ပြောပါတယ်လေ
အချိန်တန်ရင်တော့ပုဂ္ဂလိက သတင်းစာတွေထုတ်ခွင့်ပြုမယ်တဲ့
အရင်ကလိုရေးခြင်ရာလျှောက်ရေးမှာ စိုးရိမ်လို့တဲ့ အော်…. သတင်းတပုဒ် စာတပုဒ်ရေးရင်
ရေးတဲ့သူဆီမှာတာဝန်ရှိတယ်ဆိုတာ သတင်းစာဆရာကြီးများသိကြပါတယ်။သူတို့က ရေးခြင်ရာလျှောက်ရေးပါ့မလား။
နောက်ပြီးအရင် နှစ်၂၀ ကျော်တုန်းက ပြည်သူတွေမျိုသိပ် ထားတာတွေ ခုမှဖွင့်ချလိုက်
အားလုံးရှုပ်ကုန်မယ် ဆိုတာကိုဝန်ကြီးက သိလို့နေမှာပေါ့…လေ
လမ်းတ၀က်ခင်း………
ခုအကြောင်းအရာလေးကတော့
မောင်နစ်ကီတို့နေတဲ့ ရပ်ကွက်ထဲကအကြောင်းလေး ဖြစ်ပါတယ်ခင်ဗျာ့။၂၀၁၀
ရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းက လမ်းတွေလိုက်ခင်နေ့တဲ့ ကိစ္စလေးကို
အားလုံးပဲသိကျမှာပါ။ အဲဒီမှာမောင်နစ်ကီတို့ နေတဲ့ ငါးထပ်ကြီးဘုရားလမ်းထဲက
မြန်အောင်ကျောင်းတိုက်နဲ့ အခြားသောဘုန်းကြီးကျောင်းလေးများကို ၀င်ထွက်နိုင်တဲ့လမ်း
ကျဉ်းလေးတစ်ခုရှိတယ်ခင်ဗျ။အဲဒီလမ်းကျဉ်းလေးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီက ဦးအောင်သိန်းလင်းတို့ ခင်းပေးတာပေါ့ဗျာ။အဲဒီလမ်းလေးက အရင်ကဒိုင်နာကား
တစ်စီးကောင်းကောင်းဝင်ထွက်နိုင်ပါတယ်။ခုတော့ ဆလွန်ကားလောက်ပဲဝင်လို့ရပါတော
့တယ်။လမ်းခင်းပုံကလည်းကြည့်အုံး တဘက်ကလမ်းအပိတ်ကို လမ်းမကြီးအ၀င်ဘက်က
စခင်းတယ်ရွှေဥာဏ်တော် တော်တော်ဆူးရောက်တဲ့ အင်ဂျင်နီယာ နောက်တော့ပြောပါတယ်
အုတ်ကားတွေ သဲကားတွေဝင်မရလို့ ဆက်ခင်းဖို့မလွယ်ဘူးတဲ့။ စလုပ်ထဲက ပေါက်ကရကို
ရမလား။အဲရှိသေးသဗျ ရပ်ကွက်လူကြီးတွေက ဦးအောင်သိန်းလင်းကို လမ်းလေးပြီးအောင်
ခင်းပေးဖို့ သွားပြောတော့ စိတ်ချ ကျွန်တော်ပြီးအောင်ခင်းပေးပါ့မယ်တဲ့ မပြီးရင်
ကျွန်တော်လည်ပင်းလာဖြတ်တဲ့ အဲလိုပြောသတဲ့။ခုတလောတော့ ကျွန်တော်တို့ရပ်ကွက်ထဲမှာ
ဒါသွေးခတွေ ဈေးကောင်းနေပြီခင်ဗျာ။ မောင်နစ်ကီကတော့ ခိုင်ဖုန်းတရားရုံးက
ပေါင်ချိန်ကြီး ထံမှ ပစ္စည်းတစ်ခုငှားမလို့ စဉ်းစားထားတယ်ခင်ဗျ ။
ကဲ ရန်ကုန်မြင်ကွင်းကျယ်
ပရိသတ်တို့ အစီအစဉ်လေး ဒီမှာတင်ပဲပြီးဆုံးပါပြီ။ ဆက် ရေးရမယ်ဆိုရင်လည်း
အကောင်းရှိတော့မယ် နောက်အခွင့်သင့်ရင်လည်း ပြန်ဆုံကျမယ်လေ…..
ပရိသတ်များကျန်းမာချမ်းသာကျပါစေဗျာ……..
No comments:
Post a Comment