
ပါဋ္ဌိ စာအရအရက်သောက်ခြင်း
ပါဋ္ဌိစာအရ အရက်သောက်ခြင်းဆိုတာ အပိုမပါ အတည်ပြောခြင်းဖြစ်ပါသည်။ မယုံရင် ဆရာကြီးရွှေဥဒေါင်း ရဲ့စာအုပ်ထဲမှာပါတယ်ရှာသာဖတ်ကြည့် ကျွန်တော်လည်းစာအုပ်နာမည် မေ့သွားလို့ နောက်လမ်းကြုံရင်ပြောပြမယ်။
ဧကော ဘ၀ံဂံ ၊ ဒွ ဒဿနံ ၊ တြိ သုခိတံ ၊ စတုဂံ စတုကော် တဲ့
ဧကော ဘ၀ံဂံ ဧကော တစ်ခွက်သောက်သောသူတို့သည် ဘ၀ံဂံ ဘ၀င်မြောက်စေ၏ ။
ဒွ ဒဿနံ ဒွ နှစ်ခွက်သောက်သော သူတို့သည် ဒဿနံ ဒဿန များစွာတွေးမိလေ၏။
တြိ သုခိတံ တြိ သုံးခွက်သောက်သော သူတို့သည် သုခိတံ သုခ များစွာရရှိလေ၏။
စတုဂံ စတုကော် စတုဂံ လေးခွက်သောက်သော သူတို့သည် ခွေးကဲ့သို့ လေးဘက်ထောက်၍ အိမ်ပေါ်သို့ တတ်ရတတ်လေသည်။
ဒါကြောင့် အရက်ကို သုံးခွက်ထိပဲသောက် အန္တရယ်ကင်းတယ် လေးခွက်သောက်ခဲ့ရင်တော့ ခွေးကဲ့သို့လေးဘက်ထောက်တတ်ရမယ်နော် သတိထား။
ယမကာနဲ့ သီလ
ကျွန်တော်တို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာမှာ ငါးပါးသီလ ဆိုတဲ့အထဲမှာ သူရာမေရိယ မစ္စပမာန ဌာနံ တဲ့အားလုံးသိကျမှာပါ။ အရက်သောက်ရင် ကျန်တဲ့သီလ တွေပါကျိုးကုန်ရော တဲ့။ အဲမှာပြောချင်တာက သူရာမေရိယလို့ပြောထားတာ အရက်မသောက်ရဘူးလို့ ဟောထားတာ မဟုတ်ဘူး။အရက်ကြောင့် မှောက်မှားခြင်းမှ ရှောင်ကြဉ်ပါ၏ လို့ ဟောထားတာပါ။ ဒါကြောင့် အရက်သောက်ပြီးကျန်တဲ့ မကောင်းတဲ့ ဟာတွေ မလုပ်နဲ့ပေါ့။ စဉ်းစားကြည့်လေ အရက်မူးပြီးမှောက်နေတဲ့သူတယောက်က သူများပစ္စည်း ခိုးဖို့ မပြောနဲ့ ကိုယ်ပစ္စည်းတောင် ဘယ်ပျောက်လို့ ပျောက်မှန်းမသိဘူး။ သူများသား မယားပြစ်မှားဖို့ မပြောနဲ့ ကိုယ်ဖင်ထဲ မြွေဝင်တောင်သိမှာ မဟုတ်ဘူး။ စကားကိုတောင် မနည်းပြောနေရတာ လိမ်ပြောဖို့ ဆိုတာဝေးသေး။ သူများအသက်သက် ဖို့ နေနေသာသာ ကိုယ်ကြည့်မရလို့ ဘယ်ကောင် သမသွားလဲတောင်သိမှာမဟုတ်ဘူး။ဟဲဟဲဒါတွေက ဆရာအကြည်တော် ပြောတာနော် ။ နောက်ရှိသေးတယ် အရက်သောက်တာကို ငါးပါးသီလမှာပဲပါတယ် ဒုစရိုက် ၁၀ပါးမှာ မပါဘူး။ ဒါကိုတချို့ကပြောသေးတယ် ၁၀ပါးသီလထဲမှာ ပါတဲ့ ကာမေသုမိစ္ဆာ မှာ အရက်သောက်တာ ပါတယ်တဲ့ လိုတာဆွဲပြောသေးတယ်။ ကာမေသုမိစ္ဆာ ဆိုတာသူများ သားမယားကိုပြစ်မှားတာပဲပါတယ်။ အရက်သောက်တာမပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းလည်း ယမကာမှီဝဲတာပဲ
ကျွန်တော်တို့ တိုင်းပြည်ရဲ့ လူတိုင်းလေးစားရသော လွတ်လပ်ရေးရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလဲ ယမကာမှီဝဲတယ်ဆိုတာ ကျွန်တော်ခန့်မှန်းပြောတာပါ။ခန့်မှန်း တယ်ဆိုတာလဲဖြစ်နိုင်ခြေရှိလို့ပါ။ ကိုယ်ကိုယ်တိုင်မမြင်ရတော့လည်း ဗိုလ်ချုပ်ကို စော်ကား သလိုဖြစ်မှာဆိုလို့။ ဗိုလ်ချုပ်တို့ ဘိလပ်ကိုသွားပြီး လွတ်လပ်ရေးအတွက်သွားတောင်းဆို တော့မဲ့ အခါ အိုင်စီအ(စ်)တယောက်ကိုခေါ်ပြီး ဟိုမှာ ဘယ်လိုနေရမယ် ဘယ်လိုပြောရမယ် ဆိုတာ ဗိုလ်ချုပ်ကအဲဒီအိုင်စီအ(စ်)ကို အိမ်ကို ညစာစားဖို့ ဖိတ်ခေါ်ပါတယ်။အဲဒီ အရာရှိအိမ်ကို ရောက်တဲ့အခါ ဗိုလ်ချုပ်ကကြိုဆိုနှုတ်ဆက်ပြီး ညစာမစားခင် ဘရမ်ဒီသောက်မလား ရမ်သောက်မလား လို့ ဗိုလ်ချုပ်ကမေးပါတယ်။အဲဒီ အချက်ကို ကြည့်ရင် ဗိုလ်ချုပ်လဲ အိမ်မှာ ပုလင်းလေးတွေထားတတ်ပြီး မိတ်ဖြစ်ဆွေဖြစ် တခါတလေ ယမကာလေး မှီဝဲတတ်နိုင်ပါတယ်။နောက်ပြီးဗိုလ်ချုပ်က ညောင်တုန်းဆရာတော်က အရက်မသောက်ဖို့ ဆုံးမတာကို တပည့်တော် ငယ်ငယ်က ကံငါးပါးလုံပါသည် ဂျပန်တွေနဲ့ စစ်ထဲဝင်တော့ အရက်တွင်မက သူတပါးအသက်ကိုပါသတ်ရပါသည် နောက်တော့ဒါတွေမလုပ်တော့ပါလို့ပြောပါသည်။
ယမကာနဲ့ နိုင်ငံရေး
ကျွန်တော်တို့တွေလေ ယမကာမှီဝဲပြီး တိုင်းပြည်အကျိုးဆောက်ရွက်နေတယ် ဆိုတာယုံမလားတော့ မသိဘူး။ တကယ်ပြောတာဗျာ စဉ်းစားကြည့် ကျွန်တော်တို့ ဘီယာတစ်ခွက် သောက်ရင် အခွန်ငွေ ၁၀% ပေးရပါတယ်။ထို့နည်းတူစွာ အရက်ပုလင်း အဖုံးလေးတွေမှာလည်း အခွန်တဆိပ်လေးတွေကပ်ထားတာ တွေ့မိကြမှာပါ။ ကျွန်တော် တို့ဘီယာတစ်ခွက်ကို ၆၀၀ ဆိုတော့ ဘီယာတစ်ခွက်သောက်တိုင်း တိုင်းပြည်ဝင်ငွေ ၆၀ ရပါတယ် ကျွန်တော် တို့ ၁၀ခွက်သောက်ရင် တိုင်းပြည်ဝင်ငွေ ၆၀၀ တောင်ရမှာ ဒီငွေတွေနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးမှာ တတပ်တအား ပါဝင်လို့တယ်သာစိတ်ထဲထားကြည့်။ အရက်သောက်လို့ မြန်မြန်ကြွသွားလည်း ။တိုင်းပြည်အတွက် အသက်စွန့်ပြီးဝင်ငွေ ရှာပေးခဲ့ တဲ့ သူရဲကောင်းကြီးလို့ ဂုဏ်ယူလို့သေးတယ်။ဘယ်လောက်ဟန်လိုက်လေလဲ ။စေတနာ သင်္ခါရ ကံတဲ့ စေတနာဆိုတဲ့ စိတ်နဲ့ သိင်္ခါရ ပြုလုပ်ပီးမြောက်မှသာ ကံမြောက်တယ်တဲ့။ ကျွန်တော်တို့တိုင်းပြည် အတွက်စေတနာထားတဲ့ ဆိုတဲ့ စိတ်နဲ့သာသောက် ဘယ်လောက်ကောင်းမလဲလို့။ အရင်က ကျွန်တော်တို့ နိုင်ငံရေး အကြောင်းကို တော်ရုံတန်ရုံလူတိုင်း မပြောရဲကျဘူး အရက်ကလေးများ ၀င်လာတော့ သတ္တိလေး နည်းနည်း ကောင်း လာပြီး နိုင်ငံရေး အသိ အမြင်တွေကို ရဲရဲဝင့်ဝင့် ပြောရဲလာပြီ တခြားသောက်ဖေါ် များကို ဝေငှလို့ရသေးတယ် ဟုတ်တယ်ဟုတ်။
ယမကာကို နာမည်ဖျက်သူများ
ထိုသူများမှာ စိတ်ညစ်လို့ အရက်ကို အကြောင်းရှာသောက်သူများ၊ မကောင်းမှု ပြုလုပ်ရန် အရက်ဖြင့်ရဲဆေးတင်သူများ၊ တစ်ခုခု မှားခဲ့ရင် သောက်ထားလို့ ပါကွာလို့ ပြောသူများ မှာ အရက်ကိုကြိုက်၍သောက်သူများမဟုတ်ပဲ။အရက်ကို အကြောင်းရှာ နာမည်ဖျက်သူများ သစ္စာဖောက်များဖြစ်ကျသည်။ထိုသူများကို ရှောင်၍အရက်သောက် သုံးသင့်ကို သင်သတိအများရှိပါ။
ကဲ မောင်နီကီကတော့ မဟုတ်ကဟုတ်က များစွာကို ဋီကာဖွဲ့ပြီးလေပြီ အဲဒီထဲက လက်ခံနိုင်သည်များကို လက်ခံ၍ မဟုတ်ကဟုတ်ကတွေကွာ ဆိုပြီး ဆဲလိုကလည်း အသင်တို့ အားပေးနိုင်ပေသည်။ ထိုသည်များက ဆရာ၊ဆရာကြီးများရဲ့ အတွေးများကို ကျွန်တော်မောင်နီကီမှ ထင့်ဆင့် ရေးသားထားသော အတွေးများဖြစ်ပါသည်။ ကျွန်တော်သိသလောက် စာရေးဆရာတော်တော်များများ မှာ ယမကာ မှီဝဲသူများ ဖြစ်ကျသည်။ ဆရာရွှေဥဒေါင်း ဆရာမင်းလူ ဆရာ အောင်ပြည့်၊ ဆရာသုမောင်၊ နောက်ပိုင်း ဆရာအကြည်တော်တို့ ဆရာနီကိုရဲ တို့ဆိုတာလဲသိကြတော်မူထားတဲ့ အတိုင်းပဲ။ ထိုသူတို့ ယမာကမှီဝဲ ပြီးပေါ်လာသော အတွေးနဲ့ အရေးများကို ကျွန်တော်တို့ နောင်လာနောက်သားများ အားပေးကျရကုန်သတည်း။
စာရေးသူဆီမှာ တာဝန်ရှိသည် လို့ဆိုတော့ လည်းကျွန်တော် ရေးထားသောစာများကို ကျွန်တော်တာဝန်ပေါ့ဗျာ
No comments:
Post a Comment