Thursday, October 20, 2011

နိုင်ငံရေးဟာသများ

ကျွန်တော်လက်လှမ်းမှီသလောက် အတွေးများ စုဆောင်းထားသော ဟာသများကိုဖြန့်ဝေပါသည်


နိုင်ငံရေးဆိုတာ

ပီတာ တယောက်ကို ကျောင်းခန်းထဲမှာစာသင်နေခိုက် ဆရာမက ပြောပါသည်။နိုင်ငံရေးဆိုတာဘာလဲ လို့ အိမ်ရောက်လျှင် လူကြီးများကိုမေးရန် မှာလိုက်သည်။

ပီတာလေးအိမ်ရောက်တော့ သူအဖေကိုမေးပါသည်

အဖေ နိုင်ငံရေးဆိုတာဘာလဲ???

သူအဖေက ပီတာလေးနားလည်စေရန် အတွက် သားကိုရှင်းပြရရင်

အဖေတို့အိမ်မှာကြည့် သားမေမေက အိမ်ကလူတွေကို ထိန်းသိမ်းရတော့ အစိုးရပေါ့ကွ

အဖေက စီးပွားရှာရတော့ အရင်းရှင်ပေါကွာ

အိမ်မှာအိမ်ဖေါ်လုပ်တဲ့သူက အလုပ်သမားပေါ့ကွအ

သားကတော့ ပြည်သူပေါ့ကွာ

သားညီလေးကတော့ အနာဂါတ်ပေါ့ကွာ

ဒါလေးပဲမှတ်ထားလိုက် ပေါ့ဟုပြောသည်။

ညရောက်တော့ပီတာလေးညီက ငိုယိုနေတော့ ပီတာလေး အိပ်မရသောကြောင့် သူအမေအိပ်ခန်းတွင်းဝင်ကြည့်ရာ သူအမေအိပ်မောကြနေသော ကြောင့် သူအဖေမတွေ့သောေ ကြာင့်ပီတာလိုက်ရှာရာ သူအဖေနှင့် အိမ်ဖေါ်မိန်းမ ဖေါက်ပြန်နေတာတွေ့လိုက်သည်။

ပီတာလေးလဲ လိုက်မရှာတော့ပဲအိပ်ခန်းတွင်းပြန်အိပ်လိုက်သည်။

မနက်ကျောင်းရောက်တော့ ဆ၇ာမက ပီတာလေးကိုမေးသည် မနေ့ က မေးလိုက်တဲ့နိုင်ငံရေးဆိုတာဘာလဲလို့မေးသည်။

ပီတာလေးက ပြည်သူက ဒုက္ခရောက်နေလို့ အစိုးရကိုသွားကြည့်ပါသည်။ အစိုးရကအိပ်မောကျနေချိန်မှာ အရင်းရှင်နဲ့ အလုပ်သမားကဖေါက်ပြန်နေသည်။ အနာဂါတ်ကို ကြည့်လိုက်တော့ ချေးတောသေးတောထဲရောက်နေပါတယ်လို့ ပြန်ဖြေလိုက်သည်။


ခေတ်သစ် ပုံပြင်

အရင်တုန်းက ပုံပြောရင် ဟိုးရှေးရှေးတုန်းက လို့စပြောကျသည်သည်။

ခုခေတ်ပုံပြောသူများက ကျွန်တော်သာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့လျှင်ဆိုပြီး ပုံပြင်ရှည်ကြီးပြောတော့သည်။



အရည်အချင်း

် လက်ညိုးထောင်တတ် ခေါင်းညိတ်တတ်သောသူသည် လွှတ်တော်အမတ်ဖြစ်နိုင်သည်။

် လက်ညိုးထိုးပြီး ဟိုမေးဒီမေးလုပ်တတ်သော သူသည် ၀န်ကြီးဖြစ်နိုင်သည်။

ဘာမှ မသိ ဘာမှ မတတ်ပဲ အကြံပေးအဖွဲ့မှပြောသည်ကို လက်မှတ်ထိုးတတ်ပါက သမ္မတဖြစ်နိုင်သည်။



အာဏာရှင်ဆိုတာ


ကိုပီတာ တယောက်သူဆရာကိုမေးပါသည်။

ဆရာအာဏာရှင်ဆိုတာဘာလဲ

ဆရာက မင်းအောက်မှာ ခဏနေခဲ့ လို့ပြောပြီး တိုက်ခန်းသုံးထပ်ပေါ်သို့တတ်သွားသည် ထို့နောက် ၀ရန်တာသို့ထွက်ကာ အောက်မှာရှိသော ပီတာကို တံတွေးနှင့်ထွေးချလိုက်သည် ။ပီတာက စိတ်တိုသွားပြီး

ဆရာဒါဘာလုပ်တာလဲလို့မေးသောအခါ

ဆရာက မင်းမကျေနပ်ရင်ငါကို ပြန်ထွေးပေါ့ကွ လို့ပြောလိုက်သည် ။ပီတာကလဲ အပေါ်သို့ တံတွေးနှင့်ပြန်ထွေးရာ ပီတာကိုယ်ပေါ်သို့သာပြန်ကျသည်။

ထိုမှဆရာက တွေ့လား အဲဒါအာဏာရှင်ပဲလို့မှတ်ထားလိုက်ကွ လို့ပြောလိုက်လေသည်။


သုံးမရ သောအပင်



လက်ဖက်ရည်ဆိုင်တွင်ထဲတွင် ဆေးဆရာဟုထင်ရသော လူနှစ်ယောက်စကားပြောနေသည်။

အပင်တွေထဲမှာ နွယ်ပင်မြက်ပင် တစ်ပင်က အစအသုံးဝင်တယ်ကွ

ဘေးတွင်ထိုင် နေသော ကိုမြင့် တယောက် အမြင်ကတ်ကတ်ရှိလာပြီးလှမ်းပြောလိုက်သည်မှာ

အပင်ထဲမှသုံးမရတဲ့ အပင်ရှိတယ်ကွ ဘာပင်လဲသိလား

" စည်ပင် "ကွ "စည်ပင်" မှတ်ထားလို့ပြောလိုက်လေသည်။






No comments:

Post a Comment